သတင်း

🎨✨ အနုပညာအရည်အသွေးများကို လှပစွာ ပုံဖော်ခင်းကျင်းပြသနိုင်ခဲ့တဲ့ 𝗗𝗮𝘀𝗼𝗻 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗦𝗰𝗵𝗼𝗼𝗹 ရဲ့ 𝗔𝗿𝘁 𝗚𝗮𝗹𝗹𝗲𝗿𝘆 & 𝗟𝗶𝘃𝗲 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻 💙

DPS (သုဝဏ္ဏ၊ မြောက်ဥက္ကလာနှင့် အင်းစိန်) ကျောင်းခွဲများမှ စုပေါင်းပြီး Galaxy Hall တွင် ကျင်းပပြုလုပ်ခဲ့တဲ့ Art Competition ပွဲလေးမှာတော့ သားသား၊ မီးမီးလေးတွေရဲ့ အနုပညာလက်ရာများကို Gallery အဖြစ် ခင်းကျင်းပြသခဲ့ပြီး Live Competition ကိုလည်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ရှင့်။

🎨 ပွဲလေးအတွင်းမှာ ကလေးတွေအနေနဲ့ မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို အနုပညာလက်ရာများအဖြစ် လွတ်လပ်စွာ ဖော်ထုတ်ပြသခဲ့ကြသလို Live Competition မှာလည်း ကိုယ်ပိုင်အနုပညာစွမ်းရည်တွေကို အကောင်းဆုံး ယှဉ်ပြိုင်ပြသခဲ့ကြပါတယ်။

🖼️ ခင်းကျင်းပြသထားတဲ့ အနုပညာလက်ရာတွေကိုလည်း လာရောက်ကြည့်ရှုသူများက စိတ်ဝင်စားစွာ ခံစားအားပေးခဲ့ကြပြီး ပန်းချီကားချပ်များကို ဝယ်ယူအားပေးခြင်းဖြင့် ကလေးတွေရဲ့ အနုပညာဖန်တီးမှုတွေကို ပိုမိုအားပေးပံ့ပိုးပေးခဲ့ကြပါတယ်။

🌈 ဒီလိုအတွေ့အကြုံတွေကနေတစ်ဆင့် ကလေးတွေရဲ့ Creativity, Imagination နဲ့ Self-Confidence တွေ တိုးတက်လာစေပြီး ကိုယ်ပိုင်အရည်အသွေးတွေကို အနုပညာမှတစ်ဆင့် ယုံကြည်မှုရှိရှိ ဖော်ထုတ်ပြသတတ်လာစေမှာ ဖြစ်ပါတယ်။ 🎨✨